ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာ ရတနာ စီမံကိန်းတို့ ပူးပေါင်း၍
- နိုင်ငံသားတိုင်း သက်မွေးပညာတစ်ခုဖြစ်သည့် ဂဟေဆက်ပညာကို စနစ်တကျ သင်ယူနိုင်မည့် အခွင့်အလမ်းရရှိစေရန်
- နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်း ဝင်ငွေ မြင့်မားရေးကို ဂဟေဆက်နည်းပညာဖြင့် အထောက်အကူ ဖြစ်စေရန်
- ဂဟေဆက်ပညာရပ်အား စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်တတ်စေရန်
ဟူသော ရည်ရွယ်ချက်များဖြင့် ရတနာဂဟေဆက်နည်းပညာ သင်တန်းကျောင်း (အောင်ဆန်း) ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းကျောင်းဖွင့်လှစ်သည့်နေ့မှ စတင်၍ ပြင်ပလုပ်ငန်းခွင်နှင့် သင့်လျေ်ထိရောက်စေမည့် ဂဟေဆက် ကာလတိုသင်တန်းများကို အဆက်မပြတ် ဖွင့်လှစ် သင်ကြား ပေးလျက်ရှိပါသည်။

Average Rating