Breaking News

ဂဟေဆက်သင်တန်းအပတ်စဉ်(၁၅) သင်တန်းသားခေါ်ယူခြင်း

၁။ သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားသည့် ဂဟေဆက်သင်တန်းဖြစ်ပါသည်။

၂။ (၁၂-၅-၂၀၂၃) ရက်နေ့ မှ (၂၆-၅-၂၀၂၃) ရက်နေ့အထိ လျှောက်လွှာများကို လက်ခံသွားမည်။

၃။ လျှောက်လွှာတင်ရန် လိုအပ်ချက်

  • အခြေခံပညာအလယ်တန်းအောင်မြင်၍ အခြေခံအင်္ဂလိပ်စာ နားလည်သူ
  • သင်တန်းတက်ခွင့်ရသောနေ့တွင် အသက်(၁၈) နှစ်ပြည့်ပြီး အသက်(၃၅) နှစ်ထက် မကြီးသူ
  • ကျန်းမာရေးကောင်းမွန်သူ
  • ဂဟေဆက်လက်တွေ့ လုပ်ငန်းအား အမှန်တကယ်(ပင်ပင်ပန်းပန်း) လုပ်ကိုင်နိုင်သူ
  • အကျင့်စာရိတ္တကောင်းမွန်သူ

၄။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ရမည့် စာရွက်စာတမ်းများ

  • သင်တန်းလျှောက်လွှာ (၁) စောင်
  • ပတ်စ်ပို့ ရောင်စုံဓာတ်ပုံ (၂) ပုံ
  • မှတ်ပုံတင်မိတ္တူ (၁) စောင် (မူရင်းယူလာရန်)
  • ပညာအရည်အချင်းထောက်ခံချက် မိတ္တူ / မူရင်း (၁) စောင်
  • ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ (မူရင်း) (၁) စောင်
  • ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ (မူရင်း) (၁) စောင်

၅။ လျှောက်လွှာတင်သွင်းသည့်သူများသည် (၃၁-၅-၂၀၂၃) ရက်နေ့ မနက် (၈:၃၀) တွင် လူတွေ့ မေးမြန်းခြင်း (Interview) ပြုလုပ်မည်။

၆။ သင်တန်းကာလသည် (၅-၆-၂၀၂၃) ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့အထိ (၃)လ ကြာမြင့်မည်။

၇။ တနင်္လာမှ သောကြာနေ့အထိ (၈:၃၀) မှ (၄:၀၀) အထိ အချိန်ပြည့် တက်ရောက်ရမည် ဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးမည်။

၈။ သင်တန်းသားများ၏ နေထိုင်၊ စားသောက်ခြင်းကိစ္စများအား မိမိကိုယ်တိုင်စီစဉ်ရပါမည်။

၉။ သင်တန်းသားမျာသည် Safety ဝတ်စုံ အပြည်အစုံဖြင့် ဝတ်ဆင်သင်ကြားရမည်။

၁၀။ သင်တန်းတက်ရက် ၉၅% ပြည့်မီရမည်ဖြစ်ပြီး သင်တန်းချိန် နောက်ကျမှု မရှိစေရန် အလေးထား လိုက်နာရမည်။

၁၁။ သင်တန်းကျောင်းမှ ချမှတ်ထားသည့် သင်တန်းကျောင်းစည်းကမ်း၊ အလုပ်ရုံစည်းကမ်းများအား လိုက်နာရမည်။

၁၂။ သင်တန်းပြီးဆုံးလျှင် သင်တန်းပြီးစီးကြောင်းလက်မှတ် (Completion Certificate) ရရှိမည်ဖြစ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်