ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန နှင့် PTTEP International Limited (ရန်ကုန်ရုံးခွဲ) ရတနာစီမံကိန်း တို့ပူးပေါင်း၍ ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း) တွင် (၁၁.၉.၂၀၂၃) မှ (၁.၁၂.၂၀၂၃) ရက်နေ့အထိ (၃) လ ကာလတိုဂဟေဆက်သင်တန်း အမှတ်စဉ် (၁၆) အား ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

သင်တန်းကာလ
- ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့ မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ (၁၂ ပတ်)
- တနင်္လာမှ သောကြာနေ့အထိ (၈း၃၀) မှ (၄း၀၀) အထိ အချိန်ပြည့် တက်ရောက်ရမည် ဖြစ်ပြီး စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးမည်။

သင်တန်းတည်နေရာ
- ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)၊ ကျောင်းဂိတ်မှတ်တိုင်အနီး၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်။

သင်ကြားမည့်အကြောင်းအရာများ
- Thermal Cutting (Oxy-fuel and Plasma)
- Shield Metal Arc Welding
- Gas Metal Arc Welding (CO2)
- Gas Tungsten Arc Welding (Argon)

လျှောက်ထားလိုသူတို့၏လိုအပ်ချက်များ
- အခြေခံပညာအလယ်တန်းအောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာနားလည်သူ
- အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ငန်းခွင်နှင့် သင့်လျော်သော ကျန်းမာရေးရှိသူ
- အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်ထက် မကြီးသူ
လိုအပ်သောစာရွက်စာတမ်းများ
- သင်တန်းဝင်ခွင့်လျှောက်လွှာ
- (၆) လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ဆိုဒ်ရောင်စုံဓာတ်ပုံ (၂) ပုံ
- မှတ်ပုံတင်မိတ္တူ (မူရင်းယူလာရန်)
- ပညာအရည်အချင်းအတွက် ထောက်ခံချက်
- ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ (မူရင်း)
- ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ (မူရင်း)
လျှောက်လွှာတင်ရန်
- သင်တန်းဝင်ခွင့်လျှောက်လွှာများအား (၂၁.၈.၂၀၂၃) ရက်နေ့မှ စတင်၍ ရုံးဖွင့်ချိန် နံနက် (၉း၃၀) မှ ညနေ (၄း၀၀) အတွင်း ထုတ်ယူနိုင်ပြီး (၁.၉.၂၀၂၃) ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားနိုင်ပါသည်။
လူတွေ့မေးမြန်းခြင်း
- လျှောက်ထားသူများသည် (၆.၉.၂၀၂၃) ရက်နေ့တွင် လူတွေ့စစ်မေးခြင်း (Interview) ဖြေဆိုရပါမည်။
- သင်တန်းတက်ရောက်ခွင့်ရရှိသူ (၁၅) ဦးစာရင်းအား (၇.၉.၂၀၂၃) ရက်နေ့တွင်ကြေညာပါမည်။
အထူးအစီအစဉ်များ
- အခမဲ့သင်တန်းဖြစ်ပါသည်။
- သင်တန်းသားအတွက် လိုအပ်သော ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) အတွက် ကုန်ကျစရိတ်ထဲမှ ငွေကျပ် (၈၀,၀၀၀) ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျန်ပမာဏကို သင်တန်းသားမှ ကိုယ်တိုင်ကျခံရမည်ဖြစ်ပါသည်။
- သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း လစဉ် ငွေကျပ် (၃၀,၀၀၀) အား ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည် ဖြစ်သည်။
- ထူးချွန်သောသင်တန်းသားများကို လက်တွေ့ လုပ်ငန်းခွင်သင်တန်း (OJT) တက်နိုင်ရန် သင့်လျော်သောကုမ္ပဏီများသို့ စေလွှတ်ပေးမည်ဖြစ်ပါသည်။ (OJT ကာလအတွင်း ရတနာစီမံကိန်းမှ ထောက်ပံ့ကြေးပေးမည်ဖြစ်ပါသည်။)
ဆက်သွယ်ရန်
- ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း(အောင်ဆန်း)၊ ကျောင်းဂိတ်မှတ်တိုင်အနီး၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်။
- ဖုန်း – ၀၉၇၇၇၃၈၇၃၆၉၊ ၀၁-၆၄၅၇၅၉ သို့ ရုံးချိန်အတွင်း နံနက် (၉း၃၀) မှ ညနေ (၄း၀၀) အတွင်း စုံစမ်းနိုင်ပါသည်။

