Breaking News

နောက်ခံသမိုင်းကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊  ပညာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာ  နှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာ ရတနာ  စီမံကိန်းတို့ ပူးပေါင်း၍ 

  • နိုင်ငံသားတိုင်း သက်မွေးပညာတစ်ခုဖြစ်သည့် ဂဟေဆက်ပညာကို  စနစ်တကျ သင်ယူနိုင်မည့် အခွင့်အလမ်းရရှိစေရန်
  • နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်း ဝင်ငွေ မြင့်မားရေးကို ဂဟေဆက်နည်းပညာဖြင့် အထောက်အကူ ဖြစ်စေရန်
  • ဂဟေဆက်ပညာရပ်အား စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်တတ်စေရန်

ဟူ‌သော ရည်ရွယ်ချက်များဖြင့်  ရတနာဂဟေဆက်နည်းပညာ  သင်တန်းကျောင်း (အောင်ဆန်း)  ကို  ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၁၅)  ရက်နေ့တွင်   စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။ 

  သင်တန်း‌ကျောင်းဖွင့်လှစ်သည့်နေ့မှ စတင်၍ ပြင်ပ  လုပ်ငန်းခွင်နှင့် သင့်‌လျေ်ထိ‌ရောက်စေမည့် ဂဟေဆက်  ကာလတိုသင်တန်းများကို အဆက်မပြတ်  ဖွင့်လှစ်  သင်ကြား‌  ပေးလျက်ရှိပါသည်။

တည်နေရာ၊ အကျယ်အဝန်း နှင့် အဆောက်အဉီများ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်တွင် တည်ရှိပါသည်။ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက် တို့တွင် ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (ယခင်စက်မှုလက်မှု အထက်တန်းကျောင်း (အောင်ဆန်း))၊ တောင်ဘက်တွင် ပတ်ဝန်းကျင်သန့်ရှင်း ရေးဌာနတို့ ရှိပါသည်။

           ကျောင်း၏ အကျယ်အဝန်းမှာ (၀.၈၇ ဧကခန့်) ကျယ်ဝန်း ပါသည်။

  • နိုင်ငံသားတိုင်း သက်မွေးပညာတစ်ခုဖြစ်သည့် ဂဟေဆက်ပညာကို စနစ်တကျ သင်ယူနိုင်မည့် အခွင့်အလမ်းရရှိစေရန်
  • နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်း ဝင်ငွေ မြင့်မားရေးကို ဂဟေဆက်နည်းပညာဖြင့် အထောက်အကူ ဖြစ်စေရန်
  • ဂဟေဆက်ပညာရပ်အား စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်တတ်စေရန်
  • အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ဂဟေဆက် လုပ်သားများ မွေးထုတ်ပေးနိုင်ရန်
  • ဂဟေဆက်နှင့် ပတ်သက်သော လုပ်ငန်းခွင်များတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်‌စေရန်
  • ဂဟေဆက်လုပ်ငန်းခွင်များတွင် လုံခြုံစိတ်ချရမှုများ (Safety) မြင့်မားလာစေရန်
စဥ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
ဦးနေကျော်ထက်M.E-Mechanical၁၅.၁၁.၂၀၁၆ မှ ယနေ့ထိ